Weekend Escape to Berjaya Hills, Colmar Tropicale Resort - Day 2

Berjaya Hills (Colmar Tropicale)
နေအထွက်ကို ပြတင်းပေါက်ကနေစောင့်

မနက် စောစောထ၊ ရေချိုးပြီးတာနဲ့ ပြတင်းပေါက်ဖွင့်ပြီး နေထွက်တာကို စောင့်ကြည့်ပါတယ်။ ပြတင်းပေါက်ဖွင့်ဖွင့်ချင်း လေအေးအေးလေးတွေ အလုအယက် ၀င်လာကြပါတယ်။ ဘယ်ကမှန်းမသိတဲ့ ငှက်သံလေးတွေ ကြိုကြား ကြိုကြား ကြားနေရတာက အပ တလောကလုံး တိတ်ဆိတ်နေတာပါပဲ။ တိမ်တွေ အရမ်းထူနေတာမို့ နေက တောက်တောက်ပပ လင်းလင်းထင်းထင်း ထွက်မလာပါဘူး။ တစ်ချို့ အလင်းရောင်လေးတွေတောင် တိမ်တွေ ကွယ်လို့ ပြန်မှိန်သွားရပါတယ်။ မနက် ၇ နာရီလောက်ကြာတဲ့အထိ နေမင်းကြီးက မထွက်ရဲသေးဘဲ တုံ့ဆိုင်းနေပါတယ်။

တော်တော်လေး ထွက်လာပြီ

၇ နာရီ ကျော်ကျော်လောက်မှာ ဟိုတယ်က မနက်စာ ဘူဖေးကိုစားဖို့ အောက်ဆင်းကြပါတယ်။ ပြောဖို့မေ့နေတာ ကိုယ်တို့ နေတဲ့အခန်းက ၅ ထပ်၊ အပေါ်ဆုံးထပ်မှာပါ။ ဟိုတယ် စားသောက်ဆိုင်က မြေညီထပ်မှာ ရှိတာပါ။ အပြင်မှာလည်း လေအေးအေးလေးတိုက်နေပါတယ်။ စားသောက်ဆိုင်အတွင်းထဲ မထိုင်တော့ဘဲ အပြင်က ခုံတွေမှာပဲ စားခဲ့ကြပါတယ်။ ဟိုတယ်က ၀န်ထမ်းတွေဟာ အရမ်းကို သဘောကောင်းကြပြီး ဧည့်သည်တွေအပေါ် တော်တော်လေး ရိုရိုကျိုးကျိုးဆက်ဆံကြပါတယ်။ စားသောက်စရာတွေကတော့ အစုံပါပဲ၊ ခေါက်ဆွဲကြော် ထမင်းကြော်နဲ့ တွဲ့စားလို့ရတာလေးတွေ၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ စားဖို့ ပတ်ဖ် မုန့် အစုံ၊ ခေါက်ဆွဲပြုတ်၊ အအေး၊ ဒိန်ချဉ်၊ ပေါင်မုန့်မီးကင်၊ စသည်ဖြင့် တော်တော်စုံပါတယ်။

ဘယ်လိုဖြစ်သွားလဲမသိ ကြက်ဥကြော်နှစ်မျိုး၊ ကြက်အူချောင်း၊ ကြက်သားပြား ထည့်လာမိတာ

ဓာတ်ပုံရိုက်ပေးနေတဲ့ သူငယ်ချင်းတော့ ဒီပုံထဲ မပါဘူး၊ 
ပုံထဲပါတဲ့ သူငယ်ချင်းတွေလည်း သူတို့ပုံဒီမှာတင်လို့ စိတ်မဆိုးလောက်ဘူး ထင်ပါရဲ့

အဲဒိပန်းလေးတွေ သိပ်လှတာ

ကန်ထဲမှာ ငန်းဖြူ ၂ ကောင်၊ ငန်းမဲ ၁ ကောင်ရှိတယ်

ဟိုဟိုဒီဒီ လျှောက်သွားရင်း ရိုက်ဖြစ်တယ်ပေါ့လေ


ညောင်းလို့ခဏထိုင်တုန်း

အခန်းထဲမှာ အထုတ်တွေလည်း သိမ်းဆည်းပြီးဖြစ်တော့ မနက်စာစားပြီးတာနဲ့ ဟိုတယ်ဝင်းထဲ လမ်းလျှောက် ဓာတ်ပုံ ရိုက်ကြပါတယ်။ ဟိုတယ်က ကားက မနက် ၁၀း၃၀ မှာ ထွက်မှာဆိုတော့ ၁၀ နာရီဝန်းကျင်လောက်မှာ ဟိုတယ်ကနေ check-out ထွက်ပါတယ်။ shuttle ticket ကို ပြန်ပြခိုင်းပြီး အဲဒိအတွက်ဆိုပြီး တစ်စောင်ကို ရင်းဂစ် ၁၀ ပြန်အမ်းပါတယ်။ ဟိုတယ်မှာတည်းလို့ သွား၇မယ့်နေရာတွေရဲ့ဝင်ကြေး ပြန်ပေးတာ ထင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံရတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ဘာမှ မမေးဘဲ ယူလာကြတာပေါ့လေ။

ဒါက သူငယ်ချင်းတစ်ယောက် အမှတ်မထင် ရိုက်ချက်လေး
ဝတဲ့သူတစ်ယောက်အနေနဲ့ ခု လို တစ်ခြမ်းလေးပဲ မြင်ရတာ သိပ်စိတ်ချမ်းသာတာပဲ

ဒါကတော့ အဒေါ်ကြီးတစ်ယောက်ရဲ့ ပဲပေးခြင်းပေါ့လေ


မပြန်မချင်းကို ရိုက်တော့တာပဲ


ဓာတ်ပုံရိုက်ဖို့ ဆက်တင်တွေ လား မှတ်ရတယ် 
လှတယ်နော်

 Berjaya Hills (Colmar Tropicale) => KL (Berjaya Times Square) 


check out ထွက်ပြီး ဟိုတယ်က အထွက်တံတားမှာ

ဟိုတယ်ရှေ့ ကားဝင်းထဲရောက်တော့ အလာတုန်းက ဒရိုင်ဘာကို တွေ့တာနဲ့ သွားနုတ်ဆက်တော့ သူက ဒီကားပေါ်တက်ဆိုပြီး တက်ခိုင်းပါတယ်။ ကိုယ်တို့ အုပ်စုတက်ပြီးတာနဲ့ ကားက ထွက်တော့တာပါပဲ။ တစ်ကားလုံး ကိုယ်တို့ လေးယောက် တစ်ယောက်တစ်ခုံ ထိုင်ပြီး လိုက်လာကြတာပေါ့။ အသွားတုန်းက မသိသာပေမယ့် အပြန်တောင်ပေါ်က အဆင်းလမ်း အကွေ့အကောက်တွေ အရမ်းများလွန်းလို့
တော်တော်များများ ခေါင်းမူးကုန်ကြပါတယ်။ လူလည်းနည်းတော့ ဆီးဖြူသီး စကောထဲ ထည့် လှိမ့်နေသလိုပါပဲ။
Berjaya Times Square shopping mall

ဒီလိုနဲ့ Berjaya Times Square ကို ပြန်ရောက်လာကြတာပေါ့လေ။  နေ့လည်စာစားကြမယ်ဆိုပြီး shopping mall ထဲဝင်တာ LOL ဆိုတဲ့ ဆိုင်တစ်ဆိုင်ထဲဝင်မိပြီး အဲဒိမှာတင် ၁ နာရီကျော်ကျော်လောက် အချိန်ကြာသွားတယ်။ နေ့လည်စာကိုတော့ Basement 1 က food court မှာ စားဖြစ်ခဲ့တယ်။

KL (Berjaya Times Square) => Singapore
ကိုယ်သောက်တာ ဘာဖြစ်နိုင်လဲ 

KKKL ကားကလည်း starbucks ဆိုင်ရှေ့မှာ လာခေါ်မယ်ဆိုတော့ အဲဒိမှာ ထိုင်ရင်း ကားစောင့်ကြတယ်။ သူတို့ကားတွေ အချိန်အရမ်းမှန်တယ်၊ ၃း၃၀ အတိမှာ ကားရောက်လာတယ်။ ကားက အလာတုန်းကလိုပဲ ကောင်းတယ်၊ တစ်တန်းမှာ ၃ ခုံပါပဲ။  လူတင်ပြီးတာနဲ့ ချက်ချင်းထွက်တယ်။ ဒါပေမယ့် KL Sentral မှာ လူထပ်တင်ရင်း အချိန်နဲနဲ ထပ်စောင့်ရတယ်။ ညနေ ၄ နာရီလောက်ကျ တော့ KL က ထွက်လာပါပြီ။

ပုံမှန် KL ကနေ SG ကို ၅ နာရီကျော်ကျော်လောက်ပဲ မောင်းရတဲ့ခရီးက  အခု အပြန်ကျတော့ စင်ကာပူကို ပြန်တဲ့ကားတွေ အရမ်းများနေလို့  ၇ နာရီခွဲလောက် ကြာသွားတယ်။ စင်ကာပူ bugis mrt နားရောက်တော့ ၁၁ နာရီ ကျော်ပါပြီ။

သွားချင်တာတွေ သွားပြီး ပင်ပန်းလာတာတွေ ပြေသွားရင်တော့ နောက်ခရီးတစ်ခု စဉ်းစားပါဦးမယ်။

Weekend Escape to Berjaya Hills, Colmar Tropicale Resort - Day 1
Weekend Escape to Berjaya Hills, Colmar Tropicale Resort - Day 2

2 comments:

  1. သူများတွေတော့မသိဘူး ကိုယ်တွေကတော့ မလေးရှားနိုင်ငံကို အလည်သွားရတာကြိုက်တယ် ရှုခင်းလေးတွေလည်းလှတယ် ပစ္စည်းတွေလည်းဝယ်လို့ကောင်းတယ် အစားအသောက်တွေကိုလည်းကြိုက်တယ်...။

    မိုးငွေ့

    ReplyDelete
    Replies
    1. ဟုတ်တယ်.. အဓိက အဲဒိကို သွားလည်ဖြစ်တာက အပင်တွေ အများကြီးရှိလို့.. အမြဲစိမ်းစိုနေပြီး ကြည့်လေရာရာ တောင်ရယ်၊ သစ်ပင်တွေရယ် နဲ့ လှလို့.

      Delete

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...