ကိုရီးယားဗီဇာ လျှောက်မယ်ဆိုတော့ ဖတ်ခဲ့ဖူးတဲ့ မဗေဒါ ဘလော့ပို့စ် ကို ပြေးမြင်တယ်။
သူရေးထားတာ စုံစုံလင်လင်ဆိုတော့ အဲဒိအတိုင်း ကိုယ်တိုင်သွားလျှောက်မယ်ပေါ့။
တကယ်တန်းကျတော့ ခွင့်ကလည်း ရှားပါးနေတော့ ခရီးသွားတိုးကုမ္ပဏီ chan brothers က လျှောက်ပေးတာပဲ အပ်လိုက်ပါတယ်။
ဒါကတော့ သံရုံးနဲ့ ဆိုင်တဲ့ information လေးတွေပါ။
ကိုရီးယားသံရုံး လိပ်စာ
47 Scotts Road #08-00 Goldbell Tower Singapore 228233
Tel : 65-6256-1188, Fax : 65-6254-3191
E-mail : info@koreaembassy.org.sg
ကိုရီးယားသံရုံး ဖွင့်ချိန်
Embassy Office - Monday~Friday 09:00-12:30, 14:00-17:00
Consular Office - Monday~Friday 09:00-12:30, 14:00-16:30 (Visa Matters: 09:00-11:30)
ကိုရီးယားသံရုံး ၀က်ဘ်ဆိုဒ်
http://sgp.mofa.go.kr/english/as/sgp/main/index.jsp
လိုအပ်တဲ့ စာရွက်စာတမ်းများ
http://sgp.mofa.go.kr/english/as/sgp/visa/issuance/index.jsp
အေးဂျင့်ကို ဒါတွေ ပေးရပါတယ်။
၁။ အနည်းဆုံး ၆ လ သက်တမ်းကျန်သေးသော ပတ်စ်ပို့
၂။ ဗီဇာ ဖောင် (သံရုံးဝက်ဘ်ဆိုဒ်မှ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ အေးဂျင့်နဲ့လျှောက်တဲ့အတွက် အေးဂျင့်မှ ပေးပါတယ်။)
၃။ ကာလာ ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံတစ်ပုံ (၃.၅ x ၄.၅ လက်မ)
၎။ အလုပ်မှ ထောက်ခံစာ
(ကိုယ့်အလုပ်ခေါင်းစဉ်၊ လစာနဲ့ ဘယ်တုန်းက အလုပ်စ၀င်သလဲပါအောင် HR ကို ရေးခိုင်းရပါတယ်။
ကိုယ့်ဘာသာရေး၊ HR ကို လက်မှတ်ထိုး တံဆိပ်တုံးထုခိုင်းပြီး အေးဂျင့်ဆီကို ယူသွားပါလိုက်ပါတယ်။
အေးဂျင့်က သူတို့မှာ ပုံစံ (format) ရှိတယ်၊ ဒါလေးနဲ့ပြန်လုပ်ပေးပါဆိုလို့ နောက်တစ်ခေါက် HR ဆီ အပူကပ်ရပြန်ပါတယ်။
သူတို့ရဲ့ ပုံစံကို အောက်မှာ ပြန်ရှယ်လိုက်ပါတယ်။)
၅။ ၃ လစာ bank statement (သို့) bank passbook
(bank passbook ရှိသူတွေ ဆို ကောင်းမှာပါ။ စာအုပ်လေးယူသွားရုံပါပဲ။ ဒါပေမယ့် မရှိတဲ့သူတွေကျတော့ အလုပ်နဲနဲ ရှုပ်ပါတယ်။
bank statment ဆိုတာ bank transaction ပြောတာထင်ပြီး ၃လစာ transaction ကို ပရင့်ထုတ်ပြီး ဘဏ်ကို တံဆိပ်တုံးသွားထုခိုင်းပါတယ်။
citibank က အခုယူလာတာ မှားနေတယ် bank e-statment ကို ထုတ်ရမှာလို့ပြောပြီး
သူတို့ကိုယ်တိုင် ၃ လစာ ပရင့်ထုတ်ပြီး တစ်ခါတည်း တံဆိပ်တုံးထုပေးလိုက်ပါတယ်။
dbs bank ကတော့ အခုယူလာတာ မှားနေတယ်ဆိုတဲ့အကြောင်း၊ ကိုယ့် ibanking ထဲမှာ e-statement ထုတ်လို့ရတဲ့ နေရာ ရှိကြောင်း၊
အဲဒါကို သူတို့ ထုတ်ပေးရရင် ၁ လကို စင်ကာပူဒေါ်လာ ၂၀ ယူမှာ ဖြစ်တဲ့အကြောင်း၊
ကိုယ့်ဘာသာ ယူလာရင်တော့ စေတနာနဲ့ အခမဲ့ တံဆိပ်ထုပေးမှာ ဖြစ်တဲ့အကြောင်း ပြောပြပါတယ်။
ပိုက်ဆံ ၆၀ နှမြောတာနဲ့ နောက်တစ်ခေါက်ထပ်သွားလိုက်ရပါတယ်။)
၆။ ID card (spass, EP , PR, student pass, work pass, etc)
၇။ ပီအာဖြစ်ရင် Re-entry Permit
အေးဂျင့်နဲ့လျှောက်တာ တစ်ယောက်ကို ၆၂ စင်ကာပူဒေါ်လာ ကျပါတယ်။
သံရုံးဝက်ဘ်ဆိုဒ်မှာ ကြေငြာထားတဲ့ဈေးကတော့ ၅၂ စင်ကာပူဒေါ်လာ ပါ။ ၁၀ ပဲ ပိုပေးရတာ မဆိုးဘူး ထင်ပါတယ်။
နောက် ၄ ရက်အကြာမှာ အေးဂျင့်က ဖုန်းဆက်ပါတယ်။ ဗီဇာရပါပြီတဲ့.။
ရှင်းရှင်းလင်းလင်း ဓာတ်ပုံ အစုံအလင်နဲ့ တဆင့်ချင်းရေးထားတာ သပ်ရပ်တယ်... မဗေဒါ ဘလော့လေးကို link ပေးထားတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်...
ReplyDeleteမဗေဒါဘလော့ကတော့ ကိုရီးယားမသွားခင် အခါ ၆၀ လောက်ပြေးပြေးဖတ်ရတဲ့ နေရာပေါ့။ ခရီးသွားအတွေ့အကြုံတွေ ရေးထားတာ ဘယ်လိုကြိုက်မှန်းမသိဘူး။
ReplyDeleteအရေးအသားကလည်းသွက် လူကလည်းသွက်ဆိုတော့ ခရီးသွားချင်တိုင်း မဗေဒါဘလော့လာဖတ်ပြီး အတူတူ လိုက်လည်တာလေ။
link ပေးထားပြီး အသိမပေးမိတဲ့အတွက် ဆောရီးနော်။
မထင်မှတ်ပဲ ငြိမ်းမိန်းကလေးကို ခြေရာခံမိသွားပြီ... :D.. DBS bank မှာ statement ထုတ်တာ ၃၀ ပေးရမှန်းမသိဘူး.. ဟိုတလောကတင် အဲလိုပဲ ဗီဇာလျှောက်ရင်း အဲဒီစာရွက်တွေလိုတာနဲ့ နီးစပ်ရာ ပင်နီစူးလားပြေးပြီး ဆိုင်တစ်ဆိုင်ဆိုင်မှာ ထုတ်မလို့ဟာ ဘယ်ဆိုင်မှ မဖွင့်သေးတာနဲ့ အဲဒီအောက်က DBS မှာ သွားထုတ်ခိုင်းလိုက်တာ.. ၆ လစာတောင် ထုတ်ပေးလိုက်တယ်.. အွန်လိုင်းမှာ ထုတ်လို့ရတာသိလားမေးလို့ သိတယ်.. ပြောလိုက်တော့.. နောက်ဆိုရင်တော့ အွန်လိုင်းကနေ ကိုယ်တိုင်ထုတ်ပါလို့တော့ ပြောလိုက်တယ်.. :D
ReplyDeleteဟေး.. ဘယ်သူတုန်းကွ.. နာမည်လေးဘာလေး Hint ပေးပါ.. :) ...အလကားထုတ်ပေးလိုက်တယ်ဆိုတော့ မျက်နှာမြင်ချစ်ခင်ပါစေဆုနဲ့ ပြည့်စုံလို့ဖြစ်မယ်. နောက်တစ်ခါလိုလို့ သွားရရင် လာခေါ်ပါရစေ။ :D
Delete