Categories
ဝက်သား တညင်းသီး
တညင်းသီးက ကိုယ့်အကြိုက်ဆုံးအသီး၊
ဝက်သားက ကိုယ့်အကြိုက်ဆုံးအသားဆိုတော့
ဝက်သား တညင်းသီးဆိုတဲ့ ဟင်းက ကိုယ် ခေါင်းမဖော်တမ်းစားတဲ့ဟင်းပေါ့။
တညင်းသီးက ကျောက်ကပ်ထိစေတယ်၊ ၀က်သားက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့
တော်တော်များများ လက်ခံလာကြပြီးနောက် ဒီဟင်းကို တစ်ခါ ချက်စားဖို့ နှစ်နဲ့ကိုချီပါတယ်။
ကိုယ့်အနေနဲ့ကတော့ ဘယ်အစားအသောက်ဆို တန်ဆေး လွန်ဘေး။
အများကြီး မစားရင်၊ ဆက်တိုက် စွဲမစားရင် ကျန်းမာရေး မထိခိုက်ပါဘူးလို့ ဆင်ခြေပေးပေမယ့်
အိမ်ကလူတွေက စားခါနီးတိုင်း တားကြတာမို့ တစ်နှစ်နေမှ တစ်ခါလောက်ချက်ဖြစ်တာပါ။
ကိုယ့်အလိုအတိုင်းဆို တစ်လ တစ်ခါလောက်တော့ ချက်စားဖြစ်မလားပဲ။ :P
တစ်နှစ်နေမှ တစ်ခါ လောက်ချက်စားဖြစ်တဲ့ဟင်းမို့ နောက်ရက်တွေဆို ကိုယ့်ဘာသာကိုယ် ဖုန်းထဲက ပုံလေးကြည့် သွားရည်ကျရတာပါပဲ။
တခါတလေမှ ချက်စားရတဲ့ဟင်းလေး ချက်နည်း အောက်မှာ ရှယ်ထားတယ်နော်။
ကဆစ်သီး အမဲခြောက်ဟင်း
ဒီလဆန်း မြန်မာပြည်ပြန်တော့ အညာကို ခဏသွားဖြစ်တယ်။
ထုံးစံအတိုင်း အညာလက်ဆောင်တွေ ရလာတာပေါ့လေ။
အဲဒိထဲကမှ အမဲခြောက်၊ ကဆစ်သီး၊ မြေပဲဆုံဆီ လေးတွေ ပါလာတော့
အမဲခြောက် ကဆစ်သီးဟင်း ချက်စားခဲ့ပါတယ်။
ကဆစ်သီးဆိုတာ ဖရဲသီးအသေးလေးနဲ့ပုံစံတူပြီး အရသာကတော့ သခွားသီးဆန်ဆန်ပါပဲ။
အချိုသီးနဲ့ အခါးသီးဆိုပြီး ရှိပြီး အခါးသီးကို ချက်စားရင်တော့ အသီးထဲက အစေ့တွေကို ထုတ်လိုက်ရင် အခါးမရှိတော့ပါဘူး။
အချိုသီးဆိုရင်တော့ အစေ့ပါ ထည့်ချက်စားလေ့ရှိပါတယ်။
အညာမှာ ရှိတယ်ဆိုပေမယ့် အမြဲတမ်းလည်းရှိတာမဟုတ်ပါဘူး။
အိမ်စားဖို့ စိုက်ထားလေ့ရှိကြပြီး စိုက်ထားတဲ့အိမ်က အသီးသီးမှ၊
အိမ်စားပြီးပိုမှ ရောင်းကြတာမို့ အဲလိုရောင်းတာနဲ့လည်းကြုံမှ စားရတာပါ။
ဦးလေးတစ်ယောက်အိမ် အလည်သွားရင်း သူတို့အိမ်မှာ ၀ယ်ထားတာ
အဆင်သင့်ရှိတာနဲ့ အတင်းကို လက်ဆောင်ပေးလိုက်တာပါ။
ကိုယ်ကလည်း သိပ်မလိုချင်ပါဘူး။ ဟီးဟီး ဆိုပြီး ထုတ်လာတာပါပဲ။
အောက်မှာ ဘယ်လိုချက်လဲဆိုတာလေး ရေးပေးထားပါတယ်။
Subscribe to:
Posts (Atom)
Penang 4D3N Free & Easy - Intro
ပီနန်ကျွန်း၊ မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...
-
နိုဝင်ဘာ ၇ ရက်၊ ၂၀၁၆။ တနင်္လာနေ့။ ရန်ကုန် မန္တလေး အမြန်လမ်း - ရန်ကုန် မော်လမြိုင်လမ်း - ကျိုက်ထီးရိုး ဘုရားလမ်း ဒီတစ်ခေါက်မြန်မာပြည် အြ...
-
အစုံသုပ်က အမယ်များပေမယ့် လုပ်ရတာ လွယ်ပြီး ခံတွင်းမြိန်တာကြောင့် မကြာမကြာ လုပ်စားဖြစ်ပါတယ်။ အစုံသုပ်ဆိုပေမယ့် ထမင်းဆုပ်နဲ့ သဘောင်္သီးစိမ်း မ...
-
Berjaya Hills (Colmar Tropicale) နေအထွက်ကို ပြတင်းပေါက်ကနေစောင့် မနက် စောစောထ၊ ရေချိုးပြီးတာနဲ့ ပြတင်းပေါက်ဖွင့်ပြီး နေထွက်တာကို စောင်...