ဒီပစ္စည်းတွေထည့်ထားတယ်
ပုစွန် - 500 g ( ၄ - ၅ ယောက်စာ)
ကြက်သွန်ဖြူ - ၄ တက်
ငရုတ်သီးခြောက် - ၈ တောင့်
ဆားအနည်းငယ်
ဒီလိုပြင်ဆင်ထားတယ်
ကြက်သွန်ဖြူကို မညက်တညက် ကြိတ်ပါ (သို့) ထောင်းပါ။
ငရုတ်သီးခြောက်ကို နုတ်နုတ်စင်းပါ။ (အိမ်မှာ ငရုတ်သီးခြောက်ကုန်နေလို့ အစိမ်းမှုန့်သုံးလိုက်ပါတယ်)
ပုစွန်ကို အမြီးနေရာ ချန်ပြီး ကျန်တာ အခွံခွာပါ။
ပြီး ကြက်သွန်ဖြူ ထောင်း ၊ ငရုတ်သီး၊ ဆားနဲ့ ပုစွန်ကို ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ ၃ နာရီခန့်နှပ်ထားပါ။
ဒီလိုကင်တယ်
ပုစွန်ကို သီတံမှာ သီပါ။ (၀ါးချွန်သီတံ သို့ စတီးသီတံ)
oven မှာ အပူချိန် ၂၅၀ ဒီဂရီ စင်တီဂရိတ်လောက်နဲ့ ၃၀ မိနစ်ကင်ပါ။
(သို့မဟုတ်) မီးသွေးဖိုမှာ ၁၀ မိနစ်လောက်ကင်ပါ။
စားကြမယ်ဗျို့
သံပုရာသီးလေးညှစ်ပြီး ပူတုန်းလေး စားကြရအောင်။
No comments:
Post a Comment