Daegu Cheese School - ပီဇာကိုယ်တိုင်လုပ်ကြမယ်
ဟိုတယ်မှာ မနက်စာစားပြီး Daegu Cheese School ကို သွားကြပါတယ်။ သင်တန်းဆရာက ပီဇာလုပ်နည်းပြပေးပြီး နှစ်ယောက်တစ်ခု လုပ်ရပါတယ်။ ပြီးနေ့လည်စာကို အဲဒိပီဇာပဲစားရမယ်ဆိုတော့ လူတိုင်းက အားကြိုးမာန်တက် ကောင်းအောင် လုပ်ကြရပါတယ်။ အမှန်တော့ ဂျုံကလည်းနည်ပြီးသား၊ အထဲမှာထည့်မယ့်အဆာပလာတွေကလည်း ပြင်ဆင်ပြီးသားပါ။ ကိုယ်တွေက ဂျုံကိုပြားပြီး အဆာလေးတွေ ပုံပေးရုံပါပဲ။ ဒါကိုပဲ သင်တန်းဆိုပြီး အကျယ်ချဲ့ရှင်းပါတယ်။
ဂျုံကို ပေးထားတဲ့ ဒလိမ့်တုံးနဲ့ အ၀ိုင်းပုံစံရအောင်လှိမ့်၊ အနားလေးတွေကို လိပ်ပြီး အပေါ်က ဗန်းထဲက အနှစ်ကို သုပ်ပြီး ကျန်တာတွေ တစ်ခုချင်းစီ ဖြူးပါတယ်။ ပြီးတာနဲ့ oven ထဲထည့်ပြီး ဖုတ်ရအောင် ဆရာကိုပေးလိုက်ရပြီး ဆရာက ကိုယ့်ပီဇာအတွက် oven အကန့်နံပါတ်တစ်ခု ပြန်ပေးပါတယ်။
ပီဇာ ကျက်အောင် စောင့်နေချိန်မှာ ကျောင်းဝင်းထဲ လျှောက်ကြည့်ကြပါတယ်။ ဆန်ပေါက်ပေါက်လုပ်တဲ့ စက်မှာ ဆန်လှော်တစ်ထုပ်ထည်ပြီး လက်လှည့်စက်နဲ့ ပေါက်ပေါက်ဖောက်ကြပါတယ်။ တိုးအဖွဲ့မှာ ပါလာသမျှယောက်ျားတွေအကုန်လုံး တစ်ယောက်တစ်လှည့် ၀ိုင်းလျှည့်ကြတာ ပျော်စရာတောင် ကောင်းပါသေးတယ်။ ဓာတ်ပုံရိုက်ဖို့ မေ့သွားလို့ ဓာတ်ပုံမတင်နိုင်ပါဘူး၊ ဗွီဒီယိုတော့ ရိုက်ထားလိုက်တယ်။ နောက်ကြုံရင် ရှယ်ပါမယ်။
Daegu Cheese School - လျှောစီးကြစို့
နောက် ကျောင်းဝင်းထဲက ဘာခေါ်လဲတော့ မသိ၊ အောက်က ပုံမှာ ပါတဲ့ လျှောလေး စီးကြပါတယ်။ သူက ဘရိတ်တွေဘာတွေလဲ ပါတာမဟုတ်။ ကိုယ်တို့ငယ်ငယ်က အုန်းလက်ကို စီးသလို အမြင့်ကနေ လျှောစီးချရတာဆိုတော့ တစ်ခေါက်နဲ့တင် ကိုယ်က တော်လိုက်ပါတယ်။ သူကတော့ ထပ်ခါတလဲလဲစီးပါတယ်။
Daegu Cheese School - နွားကို နို့တိုက်ကြမယ်
ပြီး ခြံထဲမှာ နွားကလေး ၃ ကောင်မွေးထားတာကို နို့သွားတိုက်ကြပါတယ်။ ကြံကြံဖန်ဖန်နော်၊ ကိုယ်တွေက သူ့နို့ကို အရင် မသောက်ရဘူး။ သူ့ကို အရင် နို့တိုက်နေရတယ်။ ဘာမှတော့မဆိုင် အညာကနွားတွေကိုသတိရလိုက်ပါဘိ။
ဒယ်ဂူးရဲ့ နေ့လည်စာ
အဲဒိနောက်တော့ နေ့လည်စာ စားဖို့အချိန်ရောက်ပါပြီ။ ကိုယ်လုပ်ထားတဲ့ ပီဇာနဲ့ စပါကတီခေါက်ဆွဲပါ။ ကိုရီးယားသွားပြီး စပါကတီစားရတာ တော်တော်ရင်နာဖို့ ကောင်းပါတယ်။
Daegu to Yongpyong Resort
ယောင်ပြုံးရဲ့ ညစာ
ယောင်ပြုံးတောင်ပေါ်မြို့အ၀င်က ကိုရီးယားရိုးရာ စားသောက်ဆိုင်တစ်ခုမှာ ညစာကျွေးပါတယ်။ ဒီညစာကတော့ တော်ေ်တ်ာလေးကို စားကောင်းပါတယ်။ စားပွဲထိုးက အသက်ကြီးကြီး အဒေါ်ကြီးတွေပါ။ ကိုရီးယားရိုးရာဝတ်စုံလေးတွေ ၀တ်ထားပြီး၊ စားစရာကို တစ်ပွဲပြီးတစ်ပွဲ အခန်းထဲကို လာပို့ပေးပါတယ်။ ဟင်းပွဲပေါင်းများစွာထဲမှာ ငါးအရေခွံကိုကြော်ပြီး သုပ်ထားတာတော်တော်ကောင်းပါတယ်။
ဟိုတယ်မှာ ချက်ကင်ဝင်တော့ မိုးချုပ်နေပါပြီ။ ကားပေါ်ကနေ ရေခဲတွေမြင်ထားတော့ အခန်းထဲ ပစ္စည်း တွေထားပြီး ဓာတ်ပုံရိုက်ဖို့ ချက်ချင်းအပြင်ပြန်ထွက်ကြပါတယ်။ တကယ်တန်းကျ ကြာကြာမနေနိုင်ပါဘူး၊အပြင်မှာ တော်တော်လေး အေးပါတယ်။ ကဲ ဂွတ်နိုက် ယောင်ပြုံးရေ။
ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6
ကိုရီးယား အလှကုန်များ
No comments:
Post a Comment