ဝက်နံရိုးကြော်

ကိုရီးယားခရီးစဉ်ကို ရေးရမှာ ပျင်းနေတာနဲ့ လွယ်လွယ်ကူကူ ဟင်းချက်နည်းနဲ့ပဲ ဂဠုန် ဆားချက်လိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ
ဝက်နံရိုး
ပဲငံပြာရည် အကြည် အနည်းငယ်
ပဲငံပြာရည် အနောက် အနည်းငယ်
ခရုဆီ အနည်းငယ်
ကြက်ဥ ၃ လုံး
ရွှေကြည်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း



ဝက်နံရိုးကို ခရုဆီ၊ ပဲငံပြာရည် အကြည်၊ အနောက်တို့နဲ့ နယ်ထားပါ။ 

ကြက်ဥ နဲ့ ရွှေကြည်မှုန့်တို့ကို ပန်းကန်တစ်ခုထဲ ထည့်ပါ။

ကြက်ဥနှင့် ရွှေကြည်မှုန့် သေချာရောသွားသည်အထိ ဇွန်းနဲ့ခေါက်ပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး ပူအောင်တည်ပါ။
ဆီပူလာသောအခါ ခေါက်ထားသော ကြက်ဥအရည်ထဲသို့ ၀က်နံရိုးကို တစ်ခုချင်းစီ နှစ်ပြီး ဆီပူထဲ ထည့်ကြော်ပါ။ တစ်ဖက်ကျက်လျှင် နောက်တစ်ဖက်သို့လှန်ပေးပါ။

ဝက်နံရိုးကြော်ပူပူကြွပ်ကြွပ်လေး ရပါပြီ။
အမြင်မလှပေမယ့် အရမ်းအရသာရှိပါတယ်။


No comments:

Post a Comment

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...