Weekend getaway to Kuala Lumpur - Intro


စက်တင်ဘာ ၂ ရက် ၂၀၁၆

မလေးရှားမြို့တော် ကွာလာလမ်ပူ (Kuala Lumpur) ကို ၂၀၀၉ တုန်းက တစ်ခေါက်ရောက်ဖူးပေမယ့် twin towers နဲ့ sunway lagoon ကလွဲပြီး ဘယ်နေရာမှ မရောက်ခဲ့တော့ ဒီတစ်ခေါက် စနေ၊ တနင်္ဂနွေ ထပ်သွားဖို့ စီစဉ်ကြပါတယ်။ သောကြာည စင်ကာပူကထွက်၊ တနင်္ဂနွေနေ့လည် ကားနဲ့ ပြန်လာမယ်ပေါ့။

စင်ကာပူကနေ ဘယ်လိုသွားမလဲ
၁။ ကိုယ်ပိုင်ကား (car)
၂။ လေယာဉ် (airplane)
၃။ ခရီးသည်တင်ကား (coach)
၎။ ရထား (train)

ကိုယ်ပိုင်ကားမရှိတော့ နံပါတ် တစ်က ထည့်စဉ်းစားစရာမလို။ အသွားချင်ဆုံးက ရထားနဲ့။ ဒါပေမယ့် ရထားက စင်ကာပူကနေ တိုက်ရိုက်မရှိတော့။ နယ်စပ်မြို့ Johor Bahru (JB) ကို ကူးပြီးမှ စီးရမယ်။ ဒါတောင် အခု ၂၀၁၆ ကစပြီး JB ကနေ KL ကို တိုက်ရိုက်ရထားမရှိတော့ပြန်။ ဆိုတော့ အဆင်မပြေ။ လေယာဉ်နဲ့ coach လို့ခေါ်တဲ့ အဝေးပြေးကားကြီးတွေ ပဲကျန်တော့တယ်။ ဈေးကတော့ လေယာဉ်က အနည်းငယ်ပိုဈေးကြီး။ အချိန်ကကျတော့ လေယာဉ်က ၁ နာရီလောက်စီးရမယ်။ ဘတ်စ်ကားက ၅ နာရီ။ လေယာဉ်နဲ့သွားရင် လေဆိပ် ကြိုတင်ရောက်ရမယ့် အချိန်၊ check-in လုပ်ရမယ့်အချိန်၊ KL လေဆိပ်ကနေ မြို့ထဲကို ကားပြန်စီးရမယ့်အချိန်တွေ တွက်လိုက်တော့ အချိန်အနေနဲ့ အတူတူလောက်သွားကျတယ်။ ဆိုတော့ ဈေးသက်သာတဲ့ ဘတ်စ်ကားနဲ့ပဲ သွားဖို့ ရွေးလိုက်တယ်။

ကားလက်မှတ်ကို easybook ကနေပဲ အွန်လိုင်းဝယ်ပါတယ်။ လက်မှတ်ကို ပရင့်ထုတ်ထားလိုက်တယ်။
သောကြာည ၁၂ နာရီ ထွက်မယ့်ကားကို ၀ယ်လိုက်တော့ KL ကို မနက် ၅ နာရီခွဲလောက်ရောက်မယ် မှန်းထားပါတယ်။ အသွားကိုတော့ Bugis mrt exit D က ထွက်ပြီး မလေးရှား KL Sentral ရောက်မယ့်ကားကို ရွေးလိုက်ပါတယ်။ အပြန်ကိုတော့ Berjaya Times Square က ထွက်ပြီး Golden Mile Tower ကိုရောက်မယ့်ကားရွေးထားပါတယ်။

ဗီဇာ လိုသလား
အခု ဒီပို့စ်ရေးချိန် စက်တင်ဘာလ ၂၀၁၆ ထိ၊ မြန်မာနိုင်ငံသားများ ဗီဇာလိုပါတယ်။ ကိုယ်တို့ မနှစ်က ဗီဇာကျန်သေးတော့ ဒီတစ်ခေါက်တော့ လျှောက်စရာ မလိုတော့ပါဘူး။

ဟိုတယ် booking 
ဟိုတယ်ကတော့ ထုံးစံအတိုင်း ဈေးအစားစား ရှိတာပေါ့။ စင်ကာပူဒေါ်လာ 6 ကျပ်တန်လောက် ကနေ ၃၀၀ လောက်အထိ၊ နေရာပေါ် ဟိုတယ် စတားပေါ် မူတည်ပြီး ဈေးကွာပါတယ်။ Hotel zone အနေနဲ့တော့ အဓိကအားဖြင့်
၁. KLCC (Kuala Lumpur City Center) မြို့အထင်ကရနေရာ၊
၂. Bukit  Bingtang (shopping area) နဲ့
၃. China Town (တရုတ်တန်း) ရယ်လို့  ၃ နေရာ ရှိပါတယ်။

အလည်အပတ်သွားမယ့်သူတွေအတွက် ပြောတာပါ။ KLCC ကတော့ ဈေးအကြီးဆုံး ဖြစ်ပြီး China Town ကတော့ ဈေးအသက်သာဆုံးပါ။ ကိုယ်တို့အနေနဲ့ကတော့ တစ်နေကုန် လျှောက်လည်မှာ ဖြစ်ပြီး ခဏတဖြုတ်အိပ်ရုံပဲဆိုတာ့ တခြား facility ထက် လုံလုံခြုံခြုံ စိတ်ချမ်းချမ်းသာသာ အိပ်နိုင်မယ့် နေရာကိုပဲ အဓိက ထားရွေးပါတယ်။ Expedia ဆိုဒ်ကပဲ တရုတ်တန်းမှာ ရှိတဲ့ Pacific Express Hotel ကို book လုပ်လိုက်ပါတယ်။ book ဆိုပေမယ့် ပိုက်ဆံက အကြေချေရတာပါ။


ခရီးစဉ်
သွားမယ့် ခရီးစဉ်ကို ပထမ အကြမ်းအရင်ဆွဲပါတယ်။ တစ်နေရာကနေ တစ်နေရာဘယ်လိုသွားရတယ်ဆိုတာလည်း ရှာဖွေ၊ ပရင့်ထုတ်ပေါ့။ ဒါကတော့ သွားခဲ့တဲ့ ခရီးစဉ်ပါ။

Day
Morning
Afternoon
Day 1 (Saturday) Arrives KL Sentral
LRT to KLCC (Petronas Twin Towers)
Suria KLCC Mall (not open yet)

Breakfast at street shop


Walk to KL Tower

GoKL to Pavilion

Lunch at Pavilion


GoKL to Pasar Seni
Check in Hotel

Walk to Central Market

Walk to Petaling Street

Dinner near Petaling Street
Day 2 (Sunday) Walk to Merdeka Square, Sultan Abdul Samad Building

Breakfast at street shop


Walk to Sin Sze Si Ya Temple

Check out Hotel
Train to imbi

Lunch at Berjaya Times Square

Shopping atBerjaya Times Square


Return to Singapore



ကုန်ကျငွေ စုစုပေါင်း 
တစ်ယောက်စာ (စင်ကာပူဒေါ်လာ)
*** ကားခ၊ ဟိုတယ်ခ၊ စားစရိတ်နဲ့လည်ပတ်ခမျှသာ (ဈေးဝယ်တာ မပါ)
Description
SGD
Remark
ကားခ (အသွား) $ 39.00KKKL express 
ကားခ (အပြန်) $ 30.00Starmart express
easy book admin fee$ 4.62
coach insurance (အသွားအပြန်) $ 2.00
ဟိုတယ် တစ်ည $ 17.50Pacific Express Hotel
( SGD 35 / 2 )
KL tower skydeck ticket $ 30.00MYR 178/2
အစားအသောက် (ခန့်မှန်း)$ 27.00MYR 160/2
မြို့တွင်း ခရီးစရိတ်$ 1.27MYR 3.6
စုစုပေါင်း$ 151.39

Weekend getaway to Kuala Lumpur - Intro
Weekend getaway to Kuala Lumpur - Day 1
Weekend getaway to Kuala Lumpur - Day 2

1 comment:

  1. နေခဲ့ဖူးတဲ့နေရာလေးတွေ အလွမ်းပြေလာကြည့်ခဲ့တယ် KLCC ကိုလဲ လွမ်းမိသေးတယ် အရင်က မကြာခဏရောက်ခဲ့လို့

    ReplyDelete

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...