ကိုရီးယား ခရီးစဉ် Day 5

ယောင်ပြုံးမြို့။ Yongpyong Ski Resort ၂၅ ဖေဖော်ဝါရီ ၂၀၁၄။

မနက်စာကို ဟိုတယ်ရှေ့က စားသောက်ဆိုင်လေးမှာ ကျွေးပါတယ်။ အဲဒိဆိုင်က နာမည်ကျော်ကိုရီးယားကား winter sonata ရိုက်ကွင်းမှာ ပါတဲ့ဆိုင်လို့ တိုးဂိုက်က ပြောပါတယ်။ ဆိုင်ရှေ့မှာရော ဆိုင်ထဲမှာပါ အဲဒိကားမှာပါတဲ့ မင်းသား မင်းသမီးတွေပုံကို နေရာတကာ တွေ့ရပါတယ်။
မနက်စာက ပုံမှန် ဥရောပဘူဖေးပါပဲ။
မနေ့ညက ဟိုတယ်ရောက်ရောက်ချင်း ဆိုင်ကို လှမ်းရိုက်ထားတာပါ။

ဒါကတော့ မနက်စာစားဖို့ ဆိုင်ထဲမ၀င်ခင် အတူသွားတဲ့ ခရီးသွားအုပ်စုအမှတ်တရပါ။

ဆိုင်ထဲ နံရံအားလုံးမှာ winter sonata ထဲက မင်းသားမင်းသမီးပုံတွေ ကပ်ထားပါတယ်။

ဒါကတော့ ကိုယ့်မင်းသားပေါ့။ (အဟက်)

မနက်စာစားပြီးတာနဲ့ ကေဘယ်ကားစီးဖို့ ယောင်ပြုံးတောင်ခြေကို ၁၀ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ ကေဘယ်ကားနဲ့ တောင်ပေါ်ကို တက်တဲ့ လမ်းတစ်လျှောက်အောက်မှာ  စကီးစီးနေတဲ့သူတွေကိုတွေ့နေရတော့ ငါတို့အဲဒိတောင်ပေါ်ကနေ ဆင်းလာရင်တော့ သေချာပေါက် မှောက်ရက်လဲမှာပဲလို့ အချင်းချင်းပြောပြီးတွေးကြောက်နေကြပါတယ်။

ဒါကတော့ ကေဘယ်ကားအဆီအသွား လမ်းမှာပါ။

ကေဘယ်ကားပေါ်က လှမ်းရိုက်ထားတာပါ။ 

တောင်ပေါ်ရောက်တော့ ဂိုက်က စကီးစီးရမှာ တောင်အောက်မှာပါ။ ဒီအပေါ်ခေါ်လာတာ ရှုခင်းကြည့်ဖို့ပါဆိုမှ ပေါ့ပေါ့ပါးပါ့း ရယ်နိုင်ပါတော့တယ်။ ပထမဆုံးအကြီမ် ရေခဲတောင်ပေါ် နင်းဖူးတာဆိုတော့ စိတ်ရှိလက်ရှိဆော့ကြတာ ကလေးတွေထက်တောင် ဆိုးပါတယ်။ ရေခဲတွေ လုံးပြီး တစ်ယောက်နဲ့တစ်ယောက်ပေါက်ကြ။ ပေါက်ကရပုံစံတွေနဲ့ ဓာတ်ပုံရိုက်ကြနဲ့။ တောင်ပေါ်မှာ နေက ခြစ်ခြစ်တောက်ပူတာပါ။ ဒါပေမယ့် အနွေးထည်ချွတ်ဖို့ စိတ်ကူးလို့ကို မရပါဘူး။ နေပူထဲမှာ ရာသီဥတုက အေးစိမ့်နေပါတယ်။

တောင်ပေါ်မှာပါ။ နေပူနေတော့ မျက်လုံးကို မဖွင့်နိုင်ကြပါဘူး။ 

ရေခဲဆုပ်နဲ့ ကစားစို့။

တောင်ခြေကိုကေဘယ်ကားနဲ့ပဲ ပြန်ဆင်းလာပြီး စကီးသွားငှားကြပါတယ်။ ကိုယ့်ပစည်းတွေကို လော့ကာ (locker) ထဲထည့်ပြီးထားခဲ့ရပါတယ်။ ဖြစ်ချင်တော့ လော့ကာရှေ့က ခုံတန်းရှည်လေးမှာ စကီးဖိနပ်စီးနေတုန်း ဘေးမှာ ခဏချထားတဲ့ စကီးစီးမျက်မှန် ပျောက်သွားပါတယ်။ လူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထိုင်ခုံမှာထိုင်ပြီး ဖိနပ်စီးကြ၊ ပစည်းတွေခဏချကြဆိုတော့ တစ်ယောက်ယောက်မှားယူသွားတာ ဖြစ်နိုင်ပါတယ်။ အဲဒိစကီးမျက်မှန်ကလည်း resort ဆိုင်က ငှားလာတာဆိုတော့ လျော်ရတော့မယ်ဆိုပြီး လူလည်းတော်တော်မပျော်မရွှင်ဖြစ်သွားပါတယ်။
(လျော်တဲ့တန်ဖိုးကလည်း မနည်းပါ။ စင်ကာပူဒေါ်လာ ၃၀ လောက်ပေးလိုက်ရပါတယ်။ )

စကီးဆိုင်က စကီးတွေ။

အဖွဲ့လိုက်ကို စကီးစီးနည်း ၁၀ မိနစ်ခန့်ပြပါတယ်။ တစ်ခါ နှစ်ခါလောက်ချော်လဲပြီး ကာင်းကောင်းစီးတတ်သွားပါတယ်။ တောင်ခြေမှာပဲ ပိုမြင့်တဲ့ဘက်ကို စကီးတွေသယ်ပြီးသွား၊ အဲဒိနေရာရောက်တော့မှ စကီးကိုစီးပြီး ဆင်းကြတာပါ။ ဒါပေမယ့် အောက်ခြေကို စကီးနဲ့ လျှောစီးရတာ ပျော်ဖို့ ကောင်းသလောက် စကီးကိုသယ်ပြီး ပြန်အတက်ကတော့ တော်တော်ကို ပင်ပန်းပါတယ်။ နေပူပူမှာ မျက်မှန်မပါဘဲစီးရတော့ တော်တော်ကို ပူအိုက်နေတာပါ။ ပူအိုက်နေလို့ ဂျာကင်ချွတ်မယ်ဆိုပြန်တော့လည်း တော်တော်ကို အေးပါတယ်။ ကဲမခက်ပေဘူးလား။


ကိုရီးယားခရီးစဉ် နိဒါန်း
ကိုရီးယား ဗီဇာ
ကိုရီးယားခရီးစဉ် Day 1
ကိုရီးယားခရီးစဉ် Day 2
ကိုရီးယားခရီးစဉ် Day 3
ကိုရီးယားခရီးစဉ် Day 4
ကိုရီးယားခရီးစဉ် Day 5
ကိုရီးယားခရီးစဉ် Day 6 
ကိုရီးယား အလှကုန်များ

3 comments:

  1. ဘယ်နှစ်ရက် သွားတာလဲ... နောက်တစ်ပိုစ့် လာချောင်းတာ မုန့်လုပ်နည်းတွေတွေ့ပြီး ဗိုက်ဆာ...

    ReplyDelete
  2. မဗေဒါရေ... အလုပ်ရှုပ်တာရော ပျင်းနေတာရောနဲ့ ပို့စ်မတင်ဖြစ်ဘူး .. အားနာလိုက်တာ.. လာအားပေးတဲ့သူက လာအားပေးတာတောင်နော်..
    ပြန်လာတဲ့နေ့အပါအ၀င်ဆို ၇ ရက်ဆိုပါတော့..အပျင်းတစ်နေတာလေ.. ဒီလလည်းရန်ကုန်ပြန်မှာနဲ့ အကြွေးတွေပိတော့မယ်.. မြန်မြန်အဆုံးသတ်မှနော်..
    မဗေဒါ ဘလော့လေး လင့်ခ်ချိတ်ထားတာ update တွေ မတက်ဘူးဖြစ်နေတယ် ဘာလို့လဲ သိလားဟင်..သူများဘလော့တွေကျ အသစ်တင်တိုင်း ဒီဘက်မှာ ပေါ်လာတယ်.. မဗေဒါဘလော့ကျ TP ပို့စ်ကနေ မပြောင်းဘူးဖြစ်နေတယ်...

    ReplyDelete
    Replies
    1. အင်းနော်.... ဘာလို့လဲ မသိဘူး... TP post ပြီးတော့ နောက်ထပ် ၂ပုဒ်ထပ်ရေးထားတယ်... ဒီနေ့ပဲ အသစ်တစ်ပုဒါထပ်တင်ထားတယ်... ပြန် delete ပြီး link ပြန်ချိတ်ကြည့်ပါလား... အားမနာပါနဲ့... အေးဆေး မုလာမှ ရေး... ကိုယ်လဲ ပေါ်လိုက်ပျောက်လိုက်ပဲ... ဟီး...

      Delete

Penang 4D3N Free & Easy - Intro

ပီနန်ကျွန်း၊  မလေးရှားနိုင်ငံ။ အောက်တိုဘာ ၆ ရက်မှ ၉ ရက်။ စနေ၊ တနင်္ဂနွေ၊ တင်္နလာ၊ အင်္ဂါ။ ဒီလိုတွေ စီစဉ်ကြတာ။ ဒီခရီးကတော့ သွားခါနီး ၂ ရက်အ...