အီပိုးကနေ စီးလာတဲ့ကားက တောင်ပေါ်လမ်းကို ကွေ့ကာဝိုက်ကာနှင့် ဘရစ်ချန် မြို့ကို ဖြတ်ပြီးမှ တာနာရာတ (Tanah Rata) က ကားဂိတ်မှာ ဂိတ်ဆုံးပါတယ်။ ကားပေါ်က ဆင်းဆင်းချင်းပဲ အဲဒိကားဂိတ်ကနေ အပြန်အတွက် လက်မှတ်ဝယ်ထားလိုက်ပါတယ်။ ကားဂိတ်နဲ့ ဟိုတယ်က နီးနီးလေးပါ။ ၅ မိနစ်ခန့် လမ်းလျှောက်ရင် ရောက်ပါတယ်။
(Tanah Rata bus interchange)
ကားဝင်းထဲက ထွက်ထွက်ချင်း ဟိုတယ်ကို ချက်အင် မ၀င်သေးဘဲ နေ့လည်စာစားဖို့ လျှောက်ကြည့်ကြပါတယ်။ တာနာရာတရဲ့ တစ်ခုတည်းသော လမ်းလေးဝဲယာမှာ ဆိုင်လေးတွေရှိပါတယ်။ အများစုက မလေးအစားအသောက်တွေရောင်းချတဲ့ဆိုင်များဖြစ်ပြီး အိန္ဒိယ အစားအသောက်ဆိုင်များလည်းတွေ့ရပါတယ်။ စတားဘက် (starbucks) နှင့် မေရီဘရောင်း (Mary Browns) တို့လည်း ရှိပါတယ်။ တရုတ်အစားအစာဆိုင်တစ်ဆိုင်နှင့် ထိုင်းအစားအစာဆိုင်တစ်ဆိုင်လည်း ရှိပေမယ့် အဲဒိဆိုင်တွေမှာ လူတော်တော်ပါးပါတယ်။မြို့လေးကိုက လူလည်းမများလှဘဲ တိတ်ဆိတ် အေးချမ်းလွန်းလှပါတယ်။ မလေးလူမျိုးထက် တရုတ်၊ အိန္ဒိယလူမျိုးများကို သာ အများစု တွေ့ရပါတယ်။ နောက်ဆုံးတော့ အိန္ဒိယ အစားအသောက်ပဲ စားဖြစ်ပါတယ်။ လက်ဘက်ရည်အရမ်းကောင်းပြီး ကျန်တဲ့ အစားအသောက်တွေလည်း စားကောင်းပေမယ့် သူတို့ အစားအသောက်ထားတဲ့ စင်ပေါ်မှာ ယင်ကောင်တစ်ချို့ ပျံဝဲနေတာကြည့်ပြီး စားမဖြောင့်ပါဘူး။
ဟိုတယ်ကို ချက်အင်ဝင်ရင်း နေ့လည် လည်ဖို့ အတွက် တက်စီကို မှာထားလိုက်ပါတယ်။ တစ်နာရီ ရင်းဂစ် ၃၀ ပါ။ နေရမယ့်အခန်းက သန့်သန်ရှင်းရှင်းရှိပါတယ်။ ကိုယ်အခန်းရွေးရင် အဓိကအချက် က ပြတင်းပေါက်ပါတာပါပဲ။ အခု အခန်းကတော့ ပြတင်းပေါက်ဆိုတာထက် ပိုပါတယ်။ ခန်းလုံးပြည့်မှန်တံခါးကို လိုက်ကာ နှစ်ထပ် ကာထားပါတယ်။ မှန်တံခါးဖွင့်ဖွင့်ချင်း လေအေးများက အခန်းထဲကို ရုတ်ခနဲ ၀င်လာပါတယ်။ အမျိုးသားက ဖွင့်ထားရင် ညဘက် အေးနေမယ် လို့ သတိပေးပေမယ့် ဒီလိုလေကို ခံစားချင်လို့ပဲ ဒီကိုလာခဲ့တယ် မဟုတ်လားလို့ ဆင်ခြေပေးရင်း ဆက်ဖွင့်ထားလိုက်ပါတယ်။ မြင်ရတဲ့ ရှုခင်းကလည်း တောင်ကုန်းဆိုတော့ ဖွင့်ထားလည်း လွတ်လွတ်လပ်လပ်နေနိုင်ပါတယ်။
အခန်းထဲ ခဏနား၊ ရေချိုးပြီး နေ့လည် ၂ နာရီခန့်မှာ စလည်ပတ်ပါတယ်။ တက်စီ မောင်းသမားက အိန္ဒိယ လူမျိုးပါ။ သူက လွန်ခဲ့တဲ့ နှစ်ကမှ မြန်မာပြည်ကို ၃ ပတ်အလည်သွားခဲ့သူဆိုတော့ သူသိခဲ့တဲ့ မြန်မာပြည် အကြောင်း အာပေါင်ရင်းသန်သန် ပြောတော့တာပါပဲ။
(ဟိုတယ်အခန်း မှန်တံခါး)
အခန်းထဲ ခဏနား၊ ရေချိုးပြီး နေ့လည် ၂ နာရီခန့်မှာ စလည်ပတ်ပါတယ်။ တက်စီ မောင်းသမားက အိန္ဒိယ လူမျိုးပါ။ သူက လွန်ခဲ့တဲ့ နှစ်ကမှ မြန်မာပြည်ကို ၃ ပတ်အလည်သွားခဲ့သူဆိုတော့ သူသိခဲ့တဲ့ မြန်မာပြည် အကြောင်း အာပေါင်ရင်းသန်သန် ပြောတော့တာပါပဲ။
ပထမဆုံး သွားတာက Rose Valley ပါ။ နှင်းဆီတောင်ကြားလို့ နာမည်တပ်ထားပေမယ့် နှင်းဆီတွေချည်းပဲ ရှိတာတော့ မဟုတ်ပါဘူး။ ပန်းပေါင်းစုံ ရှိတာပါ။ နှင်းဆီအမျိုးအနွယ်တွေကတော့ ပိုများတာပေါ့လေ။လွန်ခဲ့တဲ့ ၆ နှစ်လောက်က တစ်ခေါက်ရောက်ဖူးတာမို့ အသစ်အဆန်း တော့ မဖြစ်ပါဘူး။ အရင်တုန်းက အတူတူသွားခဲ့တဲ့ သူငယ်ချင်းတွေကို သတိတရ အရမ်းရှိမိပါတယ်။ အဲဒိတုန်းကတော့ ပန်းတစ်မျိုးချင်းစီနဲ့ ဓာတ်ပုံတွေ အလုအယက်ရိုက်ခဲ့ပေမယ့် အခုတော့ ပန်းတွေကိုသာ ဓာတ်ပုံ ရိုက်မိပါတယ်။ အသက်ကြီးလာခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်မယ်ထင်ပါတယ်။ ဒါကြောင့်လည်း ငယ်တုန်းရွယ်တုန်း ခရီးသွားဖို့ တိုက်တွန်းကြတာ ဖြစ်ပါလိမ့်မယ်။
(ပွင့်အာလု နှင်းဆီ)
(ပွင့်အာပြီး နှင်းဆီ)
အ၀ါရောင်ပန်းကလေး
အနီရောင်
ဒီပန်းကိုကြည့်ပြီး ကိုယ်တို့ငယ်ငယ်တုန်းက အိမ်မှာ ရှိတဲ့ ဖယောင်းပန်းကို သတိရမိတယ်
ပန်းခြုံပုတ်
ပန်းခင်းအလယ်က decoration
ဓာတ်ပုံတွေ ရိုက်ခဲ့လား မမေးပါနဲ့။ ထိုင်နေရင်း အချင်းချင်းတောင် ဒီလိုရိုက်တာ။
(ချစ်သော လဗန်ဒါ) တစ်နေ့တော့ ပြင်သစ်က တကယ့် လဗန်ဒါပန်းခင်းကြီးဆီ သွားမည်။
တကယ်တော့ လဗန်ဒါက မြက်မျိုးနွယ်ပါ။ အမျိုးအစားတွေလည်း အများကြီး ရှိပါတယ်။
one of their decors
ကိုယ်ပြန်ခြဲ့ပီ လမ်းကလေး.....
လဗန်ဒါ ပန်းခြံထဲမှာပဲ ဘေးမှာ စတော်ဘယ်ရီ အခင်းလေးရှိပါတယ်။ အဲဒိဘက် အကူးမှာ မိုးခပ်စိပ်စိပ်ရွာလာပါတယ်။ ပန်းခင်းတွေကတော့ အပေါ်က အမိုးတွေရှိတဲ့အတွက် အေးအေးဆေးဆေး ကြည့်လို့ရပါတယ်။ စတော်ဘယ်ရီတစ်ချို့ ၀ယ်ဖြစ်ပါတယ်။ လတ်လတ်ဆတ်ဆတ်ရှိပြီး ချိုပါတယ်။
အဲဒိက အပြန် တက်စီသမားကို ကန္တာရ အပင်လေးတွေရှိရာ ပို့ခိုင်းလိုက်ပါတယ်။ အဲဒိတော့ သူလိုက်ပို့တဲ့နေရာက Cactus Valley။ အရင်တစ်ခေါက်လာတုန်းက သွားတဲ့နေရာက Cactus Point။ ဆိုတော့ မရောက်ဖူးတဲ့ နေရာအသစ်ပဲပေါ့။ ဒါပေမယ့် အထဲမှာကတော့ အတူတူပါပဲ။ ကန္တာရ အပင်မျိုးစုံကို မြင်တွေ့ရပြီး အိုးသေးသေးလေးတွေကို ရောင်းတဲ့နေရာလည်း ရှိပါတယ်။ မ၀ယ်ဘူး တင်းထားပေမယ့် အပင်သေးသေးလေး ၆ ပင်တော့ ပါလာခဲ့ပြန်ပါတယ်။ကိုယ့်ရဲ့ စိတ်ရှည်လက်ရှည် ပြုစုမှုအောက်မှာ ဘယ်နှစ်ရက်ခံမလဲမသိ။
စတော်ဘယ်ရီ ခူးကြမလား
စတော်ဘယ်ရီ ပင်အောင် ချိန်းတွေ့လို့ရပြီ
စတော်ဘယ်ရီ ချောကလက်နှစ်ရင်... (ချိုချိုချဉ်ချဉ် အရမ်းစားကောင်းတယ်)
အဲဒိက အပြန် တက်စီသမားကို ကန္တာရ အပင်လေးတွေရှိရာ ပို့ခိုင်းလိုက်ပါတယ်။ အဲဒိတော့ သူလိုက်ပို့တဲ့နေရာက Cactus Valley။ အရင်တစ်ခေါက်လာတုန်းက သွားတဲ့နေရာက Cactus Point။ ဆိုတော့ မရောက်ဖူးတဲ့ နေရာအသစ်ပဲပေါ့။ ဒါပေမယ့် အထဲမှာကတော့ အတူတူပါပဲ။ ကန္တာရ အပင်မျိုးစုံကို မြင်တွေ့ရပြီး အိုးသေးသေးလေးတွေကို ရောင်းတဲ့နေရာလည်း ရှိပါတယ်။ မ၀ယ်ဘူး တင်းထားပေမယ့် အပင်သေးသေးလေး ၆ ပင်တော့ ပါလာခဲ့ပြန်ပါတယ်။ကိုယ့်ရဲ့ စိတ်ရှည်လက်ရှည် ပြုစုမှုအောက်မှာ ဘယ်နှစ်ရက်ခံမလဲမသိ။
ကပ်တီး ကပ်တပ် အပင်များ
ညစာစားချိန်ရောက်လာတော့ တက်စီသမားကို ဘရစ်ချန်မြို့က ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို ပို့ခိုင်းလိုက်ပါတယ်။ ဟော့ပေါ့ဆိုင်ရောက်တော့ မိုးက တိတ်နေပါပြီ။ မိုးရွာပြီးခါစ တောင်ပေါ်မြို့လေးရဲ့ အေးစိမ့်နေတဲ့ ရာသီဥတုမှာ ဟော့ပေါ့စားရတာ တကယ်ကို နွေးထွေးပြီး စားမြိန်စေပါတယ်။
ဆိုင်တန်းတွေနားမှာ တက်စီတွေ ရှိပါတယ်။ အပြန်ကို တက်စီငှားကြမယ်ဆို ကြည့်ကြတော့ နေ့လည်က သွားခဲ့တဲ့ တက်စီဦးလေးကြီးကိုပြန်တွေ့တာနဲ့ သူ့တက်စီကိုပဲ ငှားပြီး ဟိုတယ် ပြန်ခဲ့ကြပါတယ်။
စားကြပါဦး ဟော့ပေါ့
ဆိုင်တန်းတွေနားမှာ တက်စီတွေ ရှိပါတယ်။ အပြန်ကို တက်စီငှားကြမယ်ဆို ကြည့်ကြတော့ နေ့လည်က သွားခဲ့တဲ့ တက်စီဦးလေးကြီးကိုပြန်တွေ့တာနဲ့ သူ့တက်စီကိုပဲ ငှားပြီး ဟိုတယ် ပြန်ခဲ့ကြပါတယ်။
December မှာ အရမ်းကို productive ဖြစ်ဖြစ် ၂ပုဒ်တောင် ရေးထားတာပဲ။ Cameron Highland ကို ထပ်သွားချင်ရတဲ့ အကြောင်းရင်းထဲမှာ ရာသီဥတုအေးအေးနဲ့ Hot pot စားချင်တာ အဓိကပဲ။ ဒါနဲ့ တိုက်စီနဲ့ တစ်နေကုန်လျောက်သွားတာ ဘယ်လောက်ကုန်လဲ မသိဘူး။ ပြီးတော့ သူက အချိန်နဲ့ပဲ ယူတာဟုတ်? သွားချင်တဲ့နေရာတွေကို ဟိုက လမ်းမကြုံဘူး ဘာညာတော့ ပြဿနာမရှာဘူးဟုတ်? ရောက်ဖူးပေမဲ့ ကိုယ်သွားချင်တဲ့နေရာတွေကို မသွားခင်ကတည်းက စဉ်းစားထားရမှာပေါ့နော်။ မဟုတ်ရင် တိုက်စီသမားကို ဘယ်လိုက်ပို့ခိုင်းရမှန်း ဘယ်သိမလဲ။ ဟိုတယ်နားမှာ တိုက်စီငှားရလွယ်တယ်ပေါ့? အသက်ကြီးလာတော့ ကိုယ့်ပုံတွေ မရိုက်ချင်တော့တာ အမှန်ပဲ။ ရိုက်ဖြစ်ခဲ့ရင်တောင် ဘလော့ပေါ်ကို အတတ်နိုင်ဆုံး ကိုယ့်ပုံမပါတာ ရွေးတင်ဖြစ်တယ်။ ခုဆို လူက ၀လာတော့ ပိုဆိုး။
ReplyDeleteတက်စီက အချိန်နဲ့ ယူတာ တစ်နာရီကို ရင်းဂစ် ၃၀ ။ ကားပေါ်ရောက်မှ ကိုယ်သွားချင်တဲ့နေရာတွေ ပြောလိုက်တာ။ မသွားခင် ကြိုရှာထားတယ်။ ကိုယ်သွားချင်တဲ့နေရာတွေ ကပဲ သူတို့အတွက် လွယ်နေလို့လားမသိဘူး။ အေးအေးဆေးဆေး လိုက်ပို့တယ်။ ဒါပေမယ့် သူတို့ဆီမှာ သွားနေတဲ့နေရာတွေကလည်း အဝေးကြီး လမ်းကြမ်းကြီးတွေ မတွေ့မိဘူး။
Delete